ICT Project လုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ရန်ကုန် ဇန်နဝါရီ  ၁၆

   ရန်ကုန်မြို့၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ အစည်းအဝေးခန်းမတွင် ၁၅-၁-၂၀၂၀ ရက်နေ့မှ ၁၆-၁-၂၀၂၀ ရက်နေ့အထိ ICT Project လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦးမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ဌာနေအကြံပေးပုဂ္ဂိုလ်များ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဥပဒေရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဝင်း၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်မောင်သန့်၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်၊ Central Processing Unit(CPU) ညွှန်ကြားရေးမှူး ဦးခိုင်လျန်ကျင့်ထန်နှင့်  ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။