ကုန်သွယ်လုပ်ငန်းခွန် သုံးလတစ်ကြိမ် ကြေညာလွှာတင်သွင်းရမည့် သတ်မှတ်ရက်အား အသိပေးကြေညာခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

ကုန်သွယ်လုပ်ငန်းခွန် သုံးလတစ်ကြိမ် ကြေညာလွှာတင်သွင်းရမည့် သတ်မှတ်ရက်အား

အသိပေးကြေညာခြင်း

၁။      ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၊ မေလနှင့် ဇွန်လအတွက် ကုန်သွယ်လုပ်ငန်းခွန် သုံးလတစ်ကြိမ်ကြေညာလွှာ တင်သွင်းရမည့် နောက်ဆုံးရက်သည် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၄ ရက်နေ့ ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၂။       ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ သုံးလပတ်ကြေညာလွှာတင်သွင်းရမည့်နောက်ဆုံးနေ့ဖြစ်သော ၃၁-၇-၂၀၂၀ ရက်၊ သောကြာနေ့သည် “အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)နေ့”  ရုံးပိတ်ရက်ဖြစ်သောကြောင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ(က)အရ အများပြည်သူရုံးဖွင့်ရက်ဖြစ်သည့် -၈-၂၀၂၀ ရက်၊ အင်္ဂါနေ့ကို သတ်မှတ်ခြင်းဖြစ်ပါသည်။

ပုံ (မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန