ကုန်သွယ်လုပ်ငန်းခွန်/ အထူးကုန်စည်ခွန်များ လစဉ်ကျသင့်အခွန် ပေးဆောင်ခြင်းနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်

ကုန်သွယ်လုပ်ငန်းခွန်/ အထူးကုန်စည်ခွန်များ လစဉ်ကျသင့်အခွန် ပေးဆောင်ခြင်းနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်

 

နေပြည်တော် သြဂုတ် ၈

         ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွက် လစဉ်ကျသင့် ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ပေးသွင်းရမည့် နောက်ဆုံးနေ့ဖြစ်သော ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၀ရက် (စနေနေ့) ဖြစ်ပြီး တစ်ဆက်တည်းဖြစ်သော ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်(တနင်္ဂနွေနေ့) နှင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် (တနင်္လာနေ့) အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့သည် အများပြည်သူ အလုပ်ပိတ်ရက်များဖြစ်ပါသဖြင့် ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ ၄ အရ ရုံးပြန်ဖွင့်သော ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ရက် (အင်္ဂါနေ့) တွင် သက်ဆိုင်ရာလအတွက် လစဉ်ကျသင့် ကုန်သွယ် လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်များကို နောက်ဆုံးထား ပေးသွင်းနိုင်ပါကြောင်း အသိပေးအပ် ပါသည်။