စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန

    တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများ E-Commerce ဖွင့်လှစ်ထားသော MPU Debit Card ကိုအသုံးပြု၍ Online မှ အခွန်ပေးဆောင်နိုင်ရန် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၇၅) ရုံးအား ထပ်မံတိုးချဲ့ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာခြင်း
၁။    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ပေးဆောင်မှု အဆင့်များတွင် လွယ်ကူမြန်ဆန်စေရန်ရည်ရွယ်၍ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ် အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများမှ ကုမ္ပဏီအခွန်ထမ်းများ၏ အခွန်ပေးဆောင်ခြင်းကို အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှု ကွန်ယက်စနစ် CBM-NET မှတစ်ဆင့်လည်းကောင်း၊ MPU E-Commerce ကိုအသုံးပြု၍ Online မှ လည်းကောင်း ပေးဆောင်နိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
၂။       ထို့ပြင် တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများအနေဖြင့် မိုဘိုင်းငွေပေးချေမှုနည်းလမ်း ၊ MPU   E-Commerce ကိုအသုံးပြု၍ ငွေပေးချေမှုနည်းလမ်းစသည့် အီလက်ထရောနစ်ငွေပေးချေမှု    နည်းလမ်းများဖြင့် အခွန်ပေး‌ဆောင်နိုင်ရန် အဆင့်လိုက်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။
၃။     ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်၍ ယခင်ဆောင်ရွက်ပြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၃၆) ရုံး တို့အပြင် ယခုထပ်မံတိုးချဲ့သည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး (၇၅) ရုံး၊ စုစုပေါင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၁၁) ရုံးတို့တွင် အခွန်ထမ်း ဆောင်လျက်ရှိသော တစ်ဦးချင်းပုဂ္ဂိုလ် အခွန်ထမ်းများအနေဖြင့် E-Commerce ဖွင့်လှစ်ထားသော  MPU Debit Card ကို အသုံးပြု၍   ပြည်တွင်းအခွန်များဦးစီးဌာန၏  Website ဖြစ်သော www.ird.gov.mmStart Your Tax Online Payment မှတစ်ဆင့် အခွန်ပေးဆောင်ခြင်း ဆောင်ရွက်နိုင်ရန် ထပ်မံတိုးချဲ့ဆောင်ရွက်ထားရှိပါသည်။ (အခွန်ပေးဆောင်နိုင်သည့် မြို့နယ် စာရင်းကို သီးခြားဖော်ပြထားရှိပါသည်)
၄။    MPU Debit Card ကိုအသုံးပြု၍ အခွန်ပေးသွင်းပြီးပါက စနစ်မှ အခွန်ပေးသွင်းသူထံသို့ Transaction Successful ဖြစ်ကြောင်း E-mail ကနဦးပေးပို့မည်ဖြစ်ပြီး သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများတွင် အခွန်ငွေလက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်း ပြီးကြောင်းအထောက်အထား [ပတခ(e-payment)] ကို အခွန်ထမ်းထံသို့ အီလက်ထရောနစ်နည်းဖြင့် ပေးပို့အကြောင်းကြားမည် ဖြစ်ပါသည်။
၅။   အခွန်ထမ်းများအနေဖြင့် အီလက်ထရောနစ်နည်းဖြင့် အခွန်ပေးသွင်းခြင်းလုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက  အခွန်ထမ်းဝန်ဆောင်မှု ဗဟိုအဖွဲ့ရုံး၊ ဖုန်းနံပါတ် ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ ၀၁-၈၃၇၈၃၇၀၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်)၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၄၄၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)၊ ဖုန်းနံပါတ် ၀၂-၄၀၃၀၁၉၂၊ အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာအကူအညီပေးရေး စင်တာ (e-Services Help Desk Center) ဖုန်းနံပါတ် ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅၊ သတင်းအချက်အလက်နည်းပညာဌာနခွဲ (e-Payment Section) ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ နှင့် သက်ဆိုင်ရာအခွန်ရုံးများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။  

ပြည်တွင်းအခွန်များဦးစီးဌာန