ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော်  သြဂုတ်  ၁၉

         ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၅၃၀၄.၀၁၇ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၈၅.၀၂%ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၁၀၉၂.၉၀၆ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၁.၅၆၅ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၄၂၀၉.၅၄၆ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။

         ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ အခွန်တစ်မျိုးချင်း ကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၂၂၂၆.၃၆၅ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၇၃၂.၈၈၄ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၁၁၇၆.၉၂၇ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၄၉.၈၅၇ ဘီလီယံနှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၁၁၇.၉၈၄ ဘီလီယံတို့ဖြစ်ကြောင်း သိရှိရပါသည်။