ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော် သြဂုတ်​လ ၁၇

   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၅၁၄၇.၂၃၀ ဘီလီယံဖြစ်သဖြင့် လျာထားချက်၏ ၇၁.၈၁% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှု တွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၆၇၁.၀၇၀ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၈၃၅ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၄၄၇၅.၃၂၅ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။

   ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၂၁၈၇.၁၄၇ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၇၁၄.၈၉၈ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၁၀၁၆.၇၅၁ ဘီလီယံ၊ ရတနာခွန် ကျပ် ၁၀.၇၇၃ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၈၅.၃၇၂ ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၁၃၂.၂၈၉ ဘီလီယံ တို့ဖြစ်ကြောင်း သိရှိရပါသည်။