ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မေလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော် ​ဇွန်လ ၁၇

     ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် မေလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၄၁၅၅.၄၁၂ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၆၂.၄၀% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၅၀၈.၈၆၅ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၈၀၅ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၃၆၄၅.၇၄၂ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။

     ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မေလကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၁၇၀၄.၆၀၃ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၃၉၇.၆၅၄ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၈၇၄.၀၀၄ ဘီလီယံ၊ ရတနာခွန် ကျပ် ၉.၇၄၃ ဘီလီယံ၊ တံဆိပ် ခေါင်းခွန် ကျပ် ၆၇.၀၄၀ ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၁၀၂.၃၆၈ ဘီလီယံ တို့ဖြစ်ကြောင်း သိရှိရပါသည်။