လက်ကိုင်ဖုန်းဟန်းဆက်(Handset)များအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချစေရေးကိစ္စ

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

လက်ကိုင်ဖုန်းဟန်းဆက်(Handset)များအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်

ရောင်းချစေရေးကိစ္စ

၁။    ၁-၇-၂၀၁၉ ရက်နေ့မှစ၍ လက်ကိုင်ဖုန်းဟန်းဆက် (Handset)ဘူးခွံများအပေါ်တွင် အခွန်အမှတ် တံဆိပ်များကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းအစီအစဉ်အား ဆောင်ရွက်လျက်ရှိပါသည်။

၂။     လုပ်ငန်းအစီအစဉ်အရ လက်ကိုင်ဖုန်းဟန်းဆက်(Handset)များအား ပြည်ပမှ တင်သွင်းရောင်းချသူ များအနေဖြင့် အကောက်ခွန်ဆိုင်ရာ ရှင်းလင်းဆောင်ရွက်ပြီးသည်နှင့် တစ်ပြိုင်နက် လက်ကိုင်ဖုန်း ဟန်းဆက်(Handset)၏ လက်လီရောင်းဈေးအပေါ် ကျသင့်မည့် ကုန်သွယ်လုပ်ငန်းခွန် ပမာဏနှင့် ညီမျှသော အခွန်အမှတ်တံဆိပ်များအား လက်ကိုင်ဖုန်း ဟန်းဆက်(Handset) ဘူးခွံအပေါ်တွင် အပြည့်အဝ ကပ်နှိပ်ရမည်ဖြစ်ပါသည်။

၃။    လက်ကိုင်ဖုန်းဟန်းဆက်(Handset) ဘူးခွံများအပေါ်တွင် သတ်မှတ်အခွန်အမှတ်တံဆိပ် ကပ်နှိပ် ထားခြင်းမရှိဘဲ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါက လက်ဝယ်ထားရှိသူသည် ယင်းကုန်စည် တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင် ရမည်ဖြစ်ပါသည်။

၄။    သို့ဖြစ်ပါ၍ လက်ကိုင်ဖုန်းဟန်းဆက်(Handset)  တင်သွင်းရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် ဖြန့်ချိခြင်း မပြုမီ မိမိတို့ တင်သွင်းရောင်းချသည့် လက်ကိုင်ဖုန်းဟန်းဆက်(Handset)ဘူးခွံများ အပေါ်တွင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့်ညီမျှသော အခွန်အမှတ်တံဆိပ်များကို အပြည့်အဝ (မပျက်မကွက်) ကပ်နှိပ်ပေးရန်အသိပေးအပ်ပါသည်။

၅။    လက်ကိုင်ဖုန်းဟန်းဆက်(Handset)အား ဖြန့်ချိရောင်းချသူများနှင့် လက်လီရောင်းချသူများ အနေဖြင့်လည်း ကျသင့်သည့်ကုန်သွယ်လုပ်ငန်းခွန်နှင့်ညီမျှသော အခွန်အမှတ်တံဆိပ်များ အပြည့်အဝ ကပ်နှိပ်ထားခြင်းမရှိသော လက်ကိုင်ဖုန်းဟန်းဆက်(Handset)များအား ဖြန့်ချိ/ရောင်းချခြင်း မပြုကြရန် အသိပေးနှိုးဆော်အပ်ပါသည်။

၆။    လက်ကိုင်ဖုန်းဟန်းဆက်(Handset)  ဝယ်ယူအသုံးပြုမည့် ပြည်သူများအနေဖြင့်လည်း မိမိဝယ်ယူ မည့် လက်ကိုင်ဖုန်းဟန်းဆက်(Handset) များအပေါ်တွင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ညီမျှသော အခွန်အမှတ်တံဆိပ်များ အပြည့်အဝ ကပ်နှိပ်ထားခြင်းမရှိသော လက်ကိုင်ဖုန်းဟန်းဆက် (Handset) များအား ဝယ်ယူခြင်းမပြုကြပါရန် အသိပေးအပ်ပါသည်။

 

ပုံ (မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန