အခွန်ထမ်းပြည်သူများသို့ အသိပေးချက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ထမ်းပြည်သူများသို့ အသိပေးချက်

၁။   ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တိုးတက်မှုရှိလာစေရေး အားပေးမြှင့်တင်ရန်အလို့ငှာ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင်  စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေများ အတွ­က် သက်ညှာသောအခွန်နှုန်းများဖြင့် သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသည်။

၂။   ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ကျဆင်းလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများကို ကုစားနိုင်ရန်နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်နိုင်ရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့်ဥပဒေဖြင့် စည်းကြပ် မှုမှလွတ်ကင်းနေ သော ဝင်ငွေအလွှာသတ်မှတ်ချက်များကို ပြင်ဆင်သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါသည်။

၃။   ဥပဒေအရသက်ညှာပေးထားသည့် အခွန်နှုန်းထားနှင့် ဝင်ငွေအလွှာသတ်မှတ်ချက်တို့သည် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဂ) အရ ၃၁-၃-၂၀၂၂ ရက်နေ့အထိသာ အကျိုးသက်ရောက်မည်ဖြစ်ပါသည်။

၄။   စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေပေါ်ပေါက်နေသူ အခွန်ထမ်းပြည်သူများအနေဖြင့် ဥပဒေအရသက်ညှာပေးထားသည့် အခွန်နှုန်းထား နှင့်ဝင်ငွေအလွှာသတ်မှတ်ချက်တို့ကို ၃၁-၃-၂၀၂၂ ရက်နေ့အထိသာ ခံစားခွင့်ရှိမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာအခွန်ရုံးများနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန