အများပြည်သူသို့ အသိပေးကြေညာချက်

၁။   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme (PFP) Web Portal ကိုအသုံးပြု၍ ဝန်ဆောင်မှုရယူကြသည့် အခွန်ထမ်းပြည်သူများ၏ လက်ကိုင်ဖုန်းများသို့ SMS များပေးပို့ကာ "သက်ဆိုင်ရာအခွန်ရုံးများ၏ ဝန်ဆောင်မှုများအပေါ် ပြည်သူများ၏ သဘောထားမှတ်ချက်များ တုံ့ပြန်ပေးနိုင်ရေးအတွက် ဖြေကြားပေးနိုင်ပါရန်" မေးခွန်းများမေးမြန်းပြီး ပြည်သူတို့၏တုံ့ပြန်ဖြေကြားမှုများအရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင် ရွက်ပေးလျက်ရှိပါသည်။

၂။   ယင်းသို့ SMS ပေးပို့၍မေးမြန်းရာတွင် Short Code "1111" ကို အသုံးပြုသွားမည်ဖြစ်ပါကြောင်းနှင့် လူကြီးမင်း၏ လက်ကိုင်ဖုန်းသို့ "1111" ဖြင့် SMS ဝင်လာပါက ပြန်လည်ဖြေဆိုပေးခြင်းအားဖြင့် အခွန်ရုံးများ၏ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသဖြင့် ပြည်သူများက ပူးပေါင်းပါဝင်ပေးစေလိုပါကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့

ပြည်တွင်းအခွန်များဦးစီးဌာန