အရန်ထီလက်မှတ်များဝယ်ယူနိုင်ကြောင်း ကြေညာခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက်)

၁။   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်၍ ထီ‌ဈေးနှုန်းတည်ငြိမ်ရန်နှင့် ထီဈေးနှုန်းမြင့်တက်မှုကို ထိန်းသိမ်းနိုင်ရန်၊ ဝယ်လိုအားမြင့်တက်မှုကို ဖြည့်ဆည်းရောင်းချပေးနိုင်ရန် ရည်ရွယ်၍ လစဉ် ထီဖွင့်လှစ်မည့် အကြိမ်၊ ရက်စွဲ ပါဝင်သော အရန်ထီကို ထားရှိဆောင်ရွက်ခဲ့ပါသည်။

၂၊   (၂၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ကဇ” အက္ခရာအထိ အက္ခရာ (၄၁) လုံးအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လ (၁) ရက်နေ့မှ စတင်ရောင်းချခဲ့ရာ ယခုအခါတွင် အက္ခရာအားလုံးကုန်စင်အောင် ရောင်းချခဲ့ပြီး ဖြစ်ပါသည်။

၃။   ကျန်ရှိနေသော အရန်ထီ “ကဈ” အက္ခရာ (၁) လုံး (ထီအုပ်ရေ -၈၁၈၁၈ အုပ်) ကို ထီလက်မှတ် (၁၁) စောင်ပါ ထီစာအုပ် တစ်အုပ်လျှင် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်ဖြစ်ပါ၍ လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းများအနေဖြင့် ဖြစ်စေ ထပ်မံဝယ်ယူလိုမှု များရှိပါက (၁၄-၁-၂၀၂၁) ရက်နေ့မှ (၁၅-၁-၂၀၂၁) ရက်နေ့အထိ လာရောက်လျှောက်ထားကြရန်နှင့် ဝယ်ယူခွင့်ရရှိသူများသည် ဘဏ်ငွေသွင်းချလန် (TF-1) ဖြင့် ကျသင့်ငွေများ ပေးသွင်း၍ အောင်ဘာလေသိန်းဆုဌာနခွဲ တည်ရှိရာ အမှတ် (၃၈၄) ၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ၁၈-၁-၂၀၂၁ ရက်နေ့မှ စတင်၍ ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။