အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး)

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။   ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးတွင် ၁၁/၀.၄ KV၊ 160 KVA Transformer (၁) လုံးတပ်ဆင်ခြင်းနှင့် 11 KV လိုင်း (၁၂၀) ပေ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံသားကုမ္ပဏီများအား အောက်ပါအတိုင်း အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

(က) တင်ဒါပုံစံရောင်းချမည့်ရက် - ၁၆-၁၁-၂၀၂၀ (တနင်္လာနေ့)
(ခ) တင်ဒါပုံစံရောင်းချမည့်နေရာ - မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ၆၅ လမ်း (၂၂× ၂၃) လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
(ဂ) တင်ဒါပုံစံတင်သွင်းရမည့် နောက်ဆုံး ရက်/အချိန် -

၃၀-၁၁-၂၀၂၀ (တနင်္လာနေ့)

မွန်းလွဲ (၁၄ : ၃၀ ) နာရီ

(ဃ) တင်ဒါဖွင့်လှစ်မည့်နေရာ - မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ၆၅ လမ်း (၂၂× ၂၃) လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့

၂။    အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ဖုန်း - ၀၂-၄၀၃၅၉၁၆ သို့ရုံးချိန်အတွင်း ဆက်သွယ်၍မေးမြန်းနိုင်ပါကြောင်းနှင့် တင်ဒါဖွင့်လှစ်မည့်ရက်/အချိန်တို့ကို ထပ်မံ၍ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး

မန္တလေးမြို့