အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး)

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။   ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ အကွက်အမှတ် (မ-၆)၊ ဦးပိုင်အမှတ် (၁၉+၂၀)၊ မြေဧရိယာ (၀.၆၁၄၈) ဧကပေါ်တွင် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) (၁၀၀ပေ×၁၀၀ပေ) အကျယ်အဝန်းရှိ RC (၅) ထပ်ရုံးသစ်ဆောက်လုပ်ခြင်းနှင့် 315 KVA Transformer တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသားကုမ္ပဏီများအား အောက်ပါအတိုင်း အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

(က) တင်ဒါပုံစံရောင်းချမည့်ရက် - ၂-၉-၂၀၂၀ (ဗုဒ္ဓဟူးနေ့)
(ခ) တင်ဒါပုံစံရောင်းချမည့်နေရာ -

မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊

အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ ၆၅ လမ်း (၂၂× ၂၃)လမ်းကြား

(ဂ) တင်ဒါတင်သွင်းရမည့်နောက်ဆုံး ရက်/အချိန် -

၂-၁၀-၂၀၂၀ (သောကြာနေ့)

ညနေ (၁၅:၃၀) နာရီ

(ဃ) တင်ဒါဖွင့်လှစ်မည့်နေရာ -

မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊

အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ ၆၅ လမ်း (၂၂× ၂၃) လမ်းကြား

၂။  အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ဖုန်း ၀၂-၄၀၃၅၉၁၆ သို့ရုံးချိန်အတွင်း ဆက်သွယ်၍မေးမြန်းနိုင်ပါကြောင်းနှင့် တင်ဒါဖွင့်လှစ်မည့် ရက်/အချိန် တို့ကို ထပ်မံ၍ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး

မန္တလေးမြို့