အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 ၁။   ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊နေပြည်တော်ရှိ စီမံရေးရာဌာနခွဲနှင့် ရန်ကုန်/မန္တလေးမြို့များရှိ အောင်ဘာလေသိန်းဆုဌာနခွဲများသို့ တံဆိပ်ခေါင်းများနှင့် ထီစာအုပ်များကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ (ဝါဇီ)မှ သယ်ယူရန် မော်တော်ယာဉ်များအား မြန်မာကျပ်ငွေဖြင့် ငှားရမ်းလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ လျှောက်လွှာရောင်းချမည့်ရက် - ၅ - ၁၁ - ၂၀၂၀ မှ ၁၈- ၁၁ - ၂၀၂၀ ထိ (ရုံးချိန်အတွင်း)
၃။ လျှောက်လွှာရောင်းချမည့်နေရာ - ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော် (ဖုန်း - ၀၆၇၃ ၄၃၀၅၅၃ ဆက်သွယ်ဝယ်ယူရန်)
    -

ဗဟိုတံဆိပ်ခေါင်းအရောင်းဌာနစိတ်၊အမှတ် (၃၃/၁၂)၊ ၃၆ လမ်း(မဟာဗန္ဓုလလမ်းနှင့်အနော်ရထာလမ်းကြား) ကျောက် တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

၄။ တင်ဒါတင်သွင်းရမည့်ရက်/အချိန် - တင်ဒါဖွင့်ပွဲကျင်းပမည့် ၂၀-၁၁-၂၀၂၀ ရက်နေ့ ၁၃ : ၀၀ နာရီ အချိန်တွင် Online မှသာ တင်သွင်းရမည်။
၅။ တင်ဒါတင်သွင်းရမည့်နေရာ - စီမံရေးရာဌာနခွဲ၊ပြည်တွင်းအခွန်များဦးစီးဌာန၊ရုံးအမှတ်(၄၆)၊ နေပြည်တော်။ ( ဖုန်း - ၀၉၄၅၇၄၄၄၇၀၃ သို့ ဆက်သွယ်၍ Online မှ ပေးပို့တင်သွင်းရန်ဖြစ်ပါသည်။ )
၆။ တင်ဒါစိစစ်ရွေးချယ်မည့်ရက် - ၂၀- ၁၁- ၂၀၂၀ ( သောကြာနေ့)
၇။ တင်ဒါစိစစ်ရွေးချယ်မည့်အချိန် - ၁၃ : ၀၀ နာရီ
၈။ တင်ဒါစိစစ်ရွေးချယ်မည့်နေရာ - ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်။
၉။ တင်ဒါစိစစ်မည့်ပုံစံ - တင်ဒါဖွင့်ပွဲအား Online စနစ်ဖြင့် ဖွင့်လှစ်ပေးသွားမည် ဖြစ် ပါသဖြင့် Zoom Meeting Link ပေးပို့နိုင်ရန် ဆက်သွယ်ရ မည့် Email လိပ်စာအား ၁၈-၁၁-၂၀၂၀ ရက်နေ့ နောက်ဆုံး ထား၍ ဖုန်း- ၀၉၄၅၇၄၄၄၇၀၃ ၊ ၀၆၇၃- ၄၃၀၅၅၃ သို့ ဆက် သွယ်ပေးပို့ရပါမည်။

  ၁၀။   အသေးစိတ်အချက်အလက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၊ စီမံရေးရာဌာနခွဲ (နေပြည်တော်)၊ ဖုန်း- ၀၆၇၃-၄၃၀၅၅၃ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မှတ်ချက် ။    တင်ဒါစိစစ်ရွေးချယ်မည့်နေ့ရက်အား အပြောင်းအလဲရှိပါက အချိန်မီအသိပေးအကြောင်းကြားသွားပါမည်။