အိတ်ဖွင့်တင်ဒါခေါ်ယူမည့်ရက် ပြောင်းလဲကြောင်း အသိပေးကြေညာခြင်း

၁။   ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၊ နေပြည်တော်ရှိ စီမံရေးရာဌာနခွဲနှင့် ရန်ကုန်/ မန္တလေးမြို့များရှိ အောင်ဘာလေသိန်းဆုဌာနခွဲများသို့ တံဆိပ်ခေါင်းများနှင့် ထီစာအုပ်များကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ (ဝါဇီ)မှ သယ်ယူရန် မော်တော်ယာဉ်များအား မြန်မာကျပ်ငွေဖြင့် ငှားရမ်းလိုပါသဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းကို ကြေညာခဲ့ရာ တင်ဒါတင်သွင်းရမည့် နေ့ရက်နှင့် အချိန်အား ၂၀-၁၁-၂၀၂၀ (သောကြာနေ့) ၁၃: ၀၀ နာရီဟု ကြေညာခဲ့ပါသည်။

၂။   အဆိုပါ အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်နေ့ရက်နှင့်အချိန်အား ၁၉-၁၁-၂၀၂၀ (ကြာသပတေးနေ့) ၁၀:၀၀ နာရီ အချိန်သို့ ပြောင်းလဲဆောင်ရွက်မည်ဖြစ်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။

တင်ဒါကော်မတီ