အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Services Help Desk Center) ဖွင့်လှစ်ကြောင်း အသိပေးကြေညာခြင်း

၁။   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပုဂ္ဂိုလ်စုအခွန်ထမ်းများ အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (e-Filing) အသုံးပြု၍ ကြေညာလွှာတင်သွင်းခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နည်းပညာပိုင်းဆိုင်ရာအခက်အခဲများကို ထိရောက်စွာ အကူအညီပေးနိုင်ရန်အတွက် “အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Services Help Desk Center)” ကို (၉-၅-၂၀၂၂) ရက်နေ့မှစတင်၍ အောက်ဖော်ပြပါလိပ်စာ၌ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးအပ် ပါသည်-

အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးစင်တာ

(e-Services Help Desk Center)

အမှတ်-၅၉/၆၁(မြေညီထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်းနံပါတ်- ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅

၂။   အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Services Help Desk Center) မှနည်းပညာဝန်ထမ်းများအနေဖြင့် အခွန်ထမ်းပြည်သူများနှင့် အခွန်ရုံးများ၏ အီလက်ထရောနစ်ဝန်ဆောင်မှုများဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို ဝန်ဆောင်မှုပေး ကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန