အောင်ဘာလေထီလက်မှတ်များကို Online မှရောင်းချ နိုင်ရေးအတွက် Service Provider ရွေးချယ်နိုင်ရန် စိတ်ဝင်စားမှုဖော်ပြချက် အဆိုပြုလွှာပုံစံအား ၂၀-၉-၂၀၂၁ ရက်နေ့ နောက်ဆုံးထား တောင်းခံနိုင်ကြောင်း အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

အောင်ဘာလေထီလက်မှတ်များကို Online မှ ရောင်းချနိုင်ရေးအတွက် Service Provider ရွေးချယ်နိုင်ရန် စိတ်ဝင်စားမှုဖော်ပြချက် အဆိုပြုလွှာပုံစံအား ၂၀-၉-၂၀၂၁ ရက်နေ့ နောက်ဆုံးထားတောင်းခံနိုင်ကြောင်း အသိပေးကြေညာချက်

၁။     အောင်ဘာလေထီလက်မှတ်များကို Onlineမှ ရောင်းချနိုင်ရေးအတွက် လိုအပ်သောဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင်သော Service Provider တစ်ခုရွေးချယ်နိုင်ရန် စိတ်ဝင်စားကြောင်း စုံစမ်းဆက်သွယ်လာသောကုမ္ပဏီ/အဖွဲ့အစည်းများထံသို့ စိတ်ဝင်စားမှုဖော်ပြချက် အဆိုပြုလွှာပုံစံများ ကို ၁၈-၉-၂၀၂၁ ရက်နေ့မှ ၂၀-၉-၂၀၂၁ ရက်နေ့အတွင်း ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။

၂။     သို့ဖြစ်ပါ၍ အထက်ဖော်ပြပါလုပ်ငန်းအား စိတ်ဝင်စားသူကုမ္ပဏီ/အဖွဲ့အစည်းများအနေဖြင့် တင်သွင်းရမည့်အဆိုပြုလွှာ ( EOI ) ပုံစံနှင့် လမ်းညွှန်ချက်တို့ကို ၂၀-၉-၂၀၂၁  ( ၁၄:၀၀နာရီ ) နောက်ဆုံးထား၍ Email-[email protected] သို့တောင်းခံကြပါရန် အသိပေး အပ်ပါသည်။