(၂၈) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့်ပတ်သက်၍ ကြေညာချက်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊  ဇွန် လ ၃၀  ရက်)

၁။   ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင်ကျင်းပမည့် (၂၈) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ည”ထိ စုစုပေါင်းအက္ခရာ (၁၀)လုံးတွင် ထီစာအုပ်(၂၀၄,၄၄၃) အုပ် ရောင်းချခဲ့ပါသည်။

၂။   ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၂၀၄၄.၄၃၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၁၂၂၆.၆၅၈) ဖြစ်ပါသည်။

၃။   အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-

(က) အထူးဆုကြီးစနစ်
  (၁) ကျပ်သိန်းငါးထောင် = (၁) ဆု
  (၂) ကျပ်သိန်းတစ်ထောင် = (၁) ဆု
(ခ) ဆုတစ်ဆုချင်းစနစ်
  (၁) ကျပ်သိန်းငါးရာ = (၄) ဆု
  (၂) ကျပ်သိန်းနှစ်ရာ = (၄) ဆု
  (၃) ကျပ်သိန်းတစ်ရာ = (၅) ဆု
  (၄) ကျပ်သိန်းငါးဆယ် = (၇) ဆု
  (၅) ကျပ်သိန်းနှစ်ဆယ် = (၁၀) ဆု
  (၆) ကျပ်ဆယ်သိန်း = (၁၂) ဆု
(ဂ) ဝေဝေဆာဆာပဒေသာဆုမဲစနစ်
  (၁) ကျပ် သုံးသိန်း = (၃၀) ဆု
  (၂) ကျပ် နှစ်သိန်း = (၁၀၀) ဆု
  (၃) ကျပ် တစ်သိန်း = (၂၀၀၀) ဆု

၄။   ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀ သိန်း (၄) ဆုနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း (၂၀) ဆုကျပ် ၂ သိန်း (၂၀၀) ဆုကျပ် ၁ သိန်း (၂၀၀၀) ဆုစုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

၅။   (၂၈) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၇.၂၀၂၁) ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (၈:၀၀) နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲ ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။