(၉) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ် နမူနာပုံစံ ကြေညာခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်)

၁။      နိုဝင်ဘာလ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၉) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်နမူနာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၂။       (၉) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် ဆုမဲများမှာ အမြင့်ဆုံးဆု ကျပ်သိန်း (၁၅၀၀၀)၊ အနိမ့်ဆုံးဆုမဲမှာ ကျပ် (၅၀၀၀၀) ဖြစ်ပါသည်။

၃။     ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) အားလည်း ဆုမဲများထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

 အောင်ဘာလေသိန်းဆုဌာနခွဲ