ကမ္ဘာ့ဘဏ်၏ Project Implementation Support Mission အဖွဲ့နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခြင်း

နေပြည်တော် နိုဝင်ဘာ ၂၆

          နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၆-၁၁-၂၀၁၉ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ၌ Myanmar Public Finance Management Project (MPFMp) ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် တိုးတက်မှုအခြေအနေကို ပြန်လည်သုံးသပ်ရန်နှင့် ကြိုတင်စီစဉ်ထားသော လုပ်ငန်းဆောင်ရွက်မှုများအားလုံး ပြီးမြောက်အောင်မြင်စေရေးတို့အတွက် ရည်ရွယ်၍ လာရောက်သည့် ကမ္ဘာ့ဘဏ်၏ MPFMp Implementation Support Mission နှင့် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

            အဆိုပါအစည်းအဝေးတွင် MPFMp ၏ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်စေရေးအတွက် World Bank မှ Mr. Fabian Seiderer နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး DFID မှ တာဝန်ရှိသူများ၊ DFAT မှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။