ဂျပန်နိုင်ငံ National Tax Agency နှင့် အခွန်ကောက်ခံရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော် ဒီဇင်ဘာလ ၅

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room ခန်းမ၌ ၅-၁၂-၂၀၁၈ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ်သို့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ပိုမိုကောင်းမွန် ထိရောက်စေရန်ရည်ရွယ်၍ JICA အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ National Tax Aency မှ Msa. Yuko Maekawa (Deputy Director, Collection Department)နှင့် National Tax College မှ Mr.Hidetaka Ota ( Assistnant Professor, Research Department) တို့က ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် နှင့်တွေ့ဆုံ၍ ဂျပန်နိုင်ငံ၏ အခွန်အကြွေးကောက်ခံရေးလုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။