စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ၁၇-၂-၂၀၂၂ ညနေပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်-၄၆ ၌ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ ပါသည်။ ထမနဲထိုးပြိုင်ပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းသားများနှင့် ဝန်ထမ်းများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိကြသည့်အသင်းများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြိုင်ပွဲဝင်အသင်း (၄) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရပါသည်။