နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

နေပြည်တော်  နိုဝင်ဘာလ  ၃၀

   ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ (Technical Review Committee TRC ) ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါ အစည်းအဝေးသို့ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ IMF  Policy and Legal Adviser Mr. Michael Oomen ၊ LTO Resident Adviser (USOTA) Mr. Thomas McMurray ၊ LTO Audit Adviser Ms.Anne Lohmann ၊ MTO 1 Audit Adviser Mr. Kuge Tetsuya ၊ Legal Adviser Mr. Kevin John Holmes တို့ တက်ရောက်ခဲ့ကြပြီး အခွန်စည်းကြပ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။