ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် Oil for Development Programme မှတာဝန်ရှိသူများ တွေ့ဆုံခြင်း

နေပြည်တော် စက်တင်ဘာလ  ၂၀

       နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၂၀-၉-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၄:၀၀နာရီ၌ နော်ဝေနိုင်ငံ၊ Oil for Development Programme မှ Senior Advisor ဖြစ်သူ Ms. Tanja Ustvedt နှင့် Oil and Gas Expert ဖြစ်သူ Mr. Vidar Johan Ovesen တို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ အခွန်မူဝါဒနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတင်ထွေး၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်တို့တွေ့ဆုံပြီး Oil for Development Programme       (2018-2022) နှင့်စပ်လျဉ်း၍ annual work plan ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။