ပြည်တွင်းအခွန်များဦးစီးဌာန၏ (၄၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော်နာမင်္ဂလာအခမ်းအနား ကျင်းပခြင်း

နေပြည်တော်၊ အောက်တိုဘာ ၁

   ၁-၁၀-၂၀၁၉ ရက်နေ့တွင် ကျရောက်သည့် ပြည်တွင်းအခွန်များဦးစီးဌာန၏ (၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Multi Hall တွင် ၁-၁၀-၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဥပဒေနှင့်မူဝါဒရေးရာ) ဦးဇေယျကြည်ညွန့်၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်၍ ပရိတ်တရားတော်များနာယူခဲ့ကြကြောင်း သိရှိရပါသည်။