ပြည်တွင်းအခွန်များဦးစီးဌာန၏ SharePoint Site တွင် ဌာနခွဲတစ်ခုစီအလိုက် အချက်အလက်များထည့်သွင်းနိုင်ရေး Editor များအား သင်တန်းပို့ချခြင်း

နေပြည်တော် နိုဝင်ဘာ ၃၀

   ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော် ၊ ကွန်ပျူတာသင်တန်းခန်းမ၌ SharePoint Editor သင်တန်းကို၂၈-၁၁-၂၀၁၈ ရက်နေ့နှင့် ၂၉-၁၁-၂၀၁၈ ရက်နေ့တို့တွင် နံနက် ၁၀:၀၀ နာရီမှ မွန်းလွဲ ၁၅:၀၀ နာရီအထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။ပြည်တွင်းအခွန်များဦးစီးဌာနရှိ ဌာနခွဲများအနေဖြင့် သတင်းအချက်အလက်များကို စနစ်တကျ သိမ်းဆည်းနိုင်ရန်နှင့် အလွယ်တကူရယူနိုင်ရန်အတွက် Data Center တွင် Intranet Connection ဖြင့် SharePoint Site တစ်ခုအား သတင်းအချက်အလက်နှင့်နည်းပညာဌာခွဲမှ နည်းပညာဝန်ထမ်းများမှ ပြင်ဆင်ဖန်တီးထားရှိပြီးဖြစ်ရာ ဌာနခွဲများအနေဖြင့် မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်နိုင်ရန် ဌာနခွဲများမှ SharePoint Editor အဖြစ် ဆောင်ရွက်မည့်ဝန်ထမ်းများအား သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲမှ နည်းပညာဝန်ထမ်းများမှ သင်ကြားပို့ချခြင်းဖြစ်ပါသည်။

   အဆိုပါသင်တန်းသို့ ၂၈-၁၁-၂၀၁၈ ရက်နေ့တွင် ဌာနခွဲ(၅)ခုမှ ဝန်ထမ်း ( ၁၀) ဦး တက်ရောက်ခဲ့ပြီး သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲမှ ဝန်ထမ်း (၂၁) ဦး Observer အဖြစ် တက်ရောက်ခဲ့ကြပါသည်။ ၂၉-၁၁-၂၀၁၈ ရက်နေ့တွင် ဌာနခွဲ(၆)ခုမှ ဝန်ထမ်း ( ၁၁ ) ဦး တက်ရောက်ခဲ့ကြပါသည်။