ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းများတင်သွင်းရောင်းချသည့်အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း၊ လက်ကိုင်ဖုန်းဟန်းဆက်များအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

နေပြည်တော် ဖေဖော်ဝါရီ  ၂၁

နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၁-၂-၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်၌ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချသည့်အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း၊ လက်ကိုင်ဖုန်းဟန်းဆက်များအပေါ် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ) ဦးကျော်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်း၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးများမှ တာဝန်ရှိသူများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှတာဝန်ရှိသူများ၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန် ရုံး (၁) (၂) (၃) (၄) (၅) မှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။