အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကျင်းပခြင်း

နေပြည်တော် စက်တင်ဘာ ၄

        နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Multi Hall တွင် ၄-၉-၂၀၁၉ ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်၌ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦးမှ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေကို ရှင်းလင်းဆွေးနွေးခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁) (၂) (၃) (၄) (၅) ဌာနမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါ သည်။