အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ရှင်းလင်းဆွေးနွေးသည့်အခမ်းအနား ကျင်းပခြင်း

နေပြည်တော်၊ အောက်တိုဘာ ၂၃

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Multi Hall တွင် ၂၃-၁၀-၂၀၁၉ ရက်နေ့ နံနက် ၈:၃၀ နာရီအချိန်၌ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ) ဦးမျိုးမင်းလတ်မှ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေကို ရှင်းလင်းဆွေးနွေးခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။