အခွန်ဆိုင်ရာပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်း

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်

   ရွှေဆိုင်လုပ်ငန်းရှင်များနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းလုပ်ငန်းစဉ်များ ရှင်းလင်းအသိပညာပေး အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးဦးမှ အဖွင့်အမှာစကား ပြောကြားပြီး  စစ်ကိုင်းတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ဦးဝင်းအောင်ညိုမှ အခွန်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။           

   အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ပြည်တွင်းအခွန် များဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ရွှေဆိုင်လုပ်ငန်းရှင်များနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ စုစုပေါင်း (၁၀၈)ဦးတက်ရောက်ခဲ့ကြပြီး ၄င်းတို့သိရှိလို သည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။