အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၄၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော် ဇွန် ၂၄

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ၂၄-၆-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းအစီအစဉ်ဦးစီးကော်မတီ(Tax Reform Program Steering Committee) ၏ (၄၃) ကြိမ်မြောက် အစည်းအဝေးကို ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် (စီမံရေးရာ) ဦးကျော်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦး၊ စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ စစ်ဆေးရေးဌာခွဲ ညွှန်ကြားရေးမှူး ဦးအောင်စိုးနိုင်၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်မောင်သန့်၊ အခွန်ဆိုင်ရာကြီးကြပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်ထွေး၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာခွဲ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁) ဌာနမှူး ဒေါ်ခင်ယမုန်အောင်၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မင်းမင်းမှူးနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။