အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၅၀) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော် ဒီဇင်ဘာလ  ၂၉

နေပြည်တော်၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ၂၉-၁၂-၂၀၂၀ ရက်နေ့ နံနက် ၉:၀၀ နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ် ဦးစီးကော်မတီ (Tax Reform Program Steering Committee)၏ (၅၀) ကြိမ်မြောက် အစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဆွေဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဥပဒေနှင့်မူဝါဒရေးရာ) ဦးကိုကိုအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦး၊ ဌာန၏အကြံပေးပုဂ္ဂိုလ်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြား ရေးမှူးများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။