အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၄၉) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော် ဖေဖော်ဝါရီ  ၂၇

နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ၂၇-၂-၂၀၂၀ ရက်နေ့ နံနက် ၉:၃၀နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး အစီအစဉ် ဦးစီးကော်မတီ (Tax Reform Program Steering Committee)၏ (၄၉) ကြိမ်မြောက် အစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ) ဦးကျော်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဥပဒေနှင့်မူဝါဒရေးရာ)ဦးဇေယျကြည်ညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦး၊ ဌာနေအကြံပေးပုဂ္ဂိုလ်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။