အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော် နိုဝင်ဘာ ၂၂

          နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၂-၁၁-၂၀၁၉ ရက်နေ့ နေ့လည် ၁၃:၃၀ နာရီအချိန်၌ ပြည်တွင်းအခွန်များဦးစီးဌာနတွင် အသုံးပြု ရန်လိုအပ်သည့် တံဆိပ်ခေါင်းများ၊ အခွန်အမှတ်တံဆိပ်များနှင့် ထီလက်မှတ်များ သယ်ယူရာ၌ ပြင်ပမော်တော်ယာဉ် ငှားရမ်းနိုင်ရေးနှင့်စပ်လျဉ်း၍ အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ တင်ဒါကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါ တင်ဒါဖွင့်ပွဲအခမ်းအနားသို့ တင်ဒါကော်မတီဥက္ကဋ္ဌ၊ တင်ဒါကော်တီအဖွဲ့ဝင်များ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တင်ဒါလုပ်ငန်းရှင်များ တက်ရောက်ခဲ့ ကြကြောင်း သိရှိရ ပါသည်။