၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော် စက်တင်ဘာလ ၁၀

    ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ၁၀-၉-၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါ အစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးတို့မှ ဌာနမှူးများ၊ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးများက တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အခွန်ကောက်ခံရရှိမှုအခြေအနေ၊ အခွန်စည်းကြပ်မှုဆိုင်ရာကိစ္စရပ်များ၊ COVID-19 ကြောင့် ကြုံတွေ့နေရသည့် လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၁၂:၄၅ တွင် ရပ်နားခဲ့ ပါသည်။