၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ရှင်းလင်းခြင်း

နေပြည်တော် စက်တင်ဘာလ ၁၈

    ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ရှင်းလင်းခြင်းအစီအစဉ်ကို နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၁၈-၉-၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးတို့မှ ဌာနမှူးများ၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးများက တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းမှာကြားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း၍ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမျိုးမင်းလတ်က ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၁၂:၁၅ တွင် ရပ်နားခဲ့ပါသည်။