၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ရှင်းလင်းခြင်း

နေပြည်တော်၊ အောက်တိုဘာလ  ၈

     ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေရှင်းလင်းခြင်း အစီအစဉ်ကို နေပြည်တော်၊ ရုံးအမှတ်၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၈-၁၀-၂၀၂၁ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီ၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ် အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံးတို့မှ ဌာနမှူးများ၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အခွန်ဦးစီးဌာနမှူးများ၊ ပြန်ကြားရေးအဖွဲ့ (နေပြည်တော်)၊ အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်၊မန္တလေး)နှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းအဖွဲ့ (CPU)တို့ တက်ရောက်ခဲ့ကြပါသည်။

     အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒ)က ပြည်တွင်းအခွန်များဦးစီးဌာန၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းမှာကြား ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ကြီးကြပ်) မှအခွန်လျာထားချက်များ ပြည့်မီအောင်ကောက်ခံနိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြရန် မှာကြားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း၍ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမျိုးမင်းလတ်က ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၃:၀၀ နာရီတွင် ရပ်နားခဲ့ပါသည်။