Core Banking ရှိသော ပုဂ္ဂလိကဘဏ်များတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ Deposit only Account ဖွင့်လှစ်၍ M-Banking၊ e-banking၊ i-banking စနစ်များဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ရန်ကုန် နိုဝင်ဘာ ၁၈

          ရန်ကုန်မြို့၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အစည်းအဝေးခန်းမတွင် ၁၈-၁၁-၂၀၁၉ ရက်နေ့၊ မွန်းလွဲ ၁၃:၀၀ နာရီအချိန်၌ Core Banking ရှိသော ပုဂ္ဂလိကဘဏ်များတွင် ပြည်တွင်း အခွန်များဦးစီးဌာန၏ Deposit only Account ဖွင့်လှစ်၍ M-Banking၊ e-banking၊ i-banking စနစ်များဖြင့်‌ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်မှ ဆွေးနွေးတင်ပြခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာ့ စီးပွားရေးဘဏ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ပုဂ္ဂလိက ဘဏ် (၁၇) ခုမှ တာဝန်ရှိသူများမှလည်း ပါဝင်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။