HEINEKEN Myanmar Ltd မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း

နေပြည်တော် သြဂုတ် ၁

          နေပြည်တော်၊ ရုံးအမှတ် ၄၆၊ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင်၁-၈-၂၀၁၉ရက်နေ့ နံနက် ၁၁:၀၀နာရီ၌ ဘီယာထုတ်လုပ်ရောင်းချသောလုပ်ငန်းဆောင်ရွက်နေသည့်  နိုင်ငံတကာဘီယာလုပ်ငန်းတစ်ခုဖြစ်သော HEINEKEN Myanmar Ltd မှ Mrs. Anne de Graaf (Global Public Affairs Manager, Amsterdam)၊ Mr. Holly Bostock (Director, Corporate Affairs Department)၊ ဒေါ်မြတ်ဖြူသဲ (Public Affairs Manager, Corporate Affairs Department) တို့သည် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ်(မူဝါဒနှင့်ဥပဒေရေးရာ) ဦးဇေယျကြည်ညွန့်နှင့်တွေ့ဆုံ၍ အခွန်ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။