Professor Robert Conrad(Duke University) ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံခြင်း

နေပြည်တော် ဒီဇင်ဘာလ ၁၀

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room ခန်းမတွင် ၁၀-၁၂-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်၌ Professor Robert Conrad (Duke University) ၊ ဦးအာကာဟိန်း (Program Coordinator of Renaissance Institute) ၊ ဦးဟိန်းခန့်စိုး (Special Assistance of Open Society Foundation)တို့နှင့်  ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်မူဝါဒ) ဦးဇေယျကြည်ညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦး၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန် တို့တွေ့ဆုံ၍ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။