အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ အကောင်အထည်ဖော်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ သြဂုတ်လ  ၁၅

             ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ အကောင်အထည်ဖော်ရေး ဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ လေ့ကျင့်ရေး သင်တန်းခန်းမတွင် ၁၅-၈-၂၀၁၈ ရက်နေ့မှ ၁၇-၈-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး ဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးခိုင်လျှံကျင့်ထန်က ဦးဆောင်၍  ဆွေးနွေးခဲ့ပါသည်။

            အဆိုပါ အစည်းအဝေးသို့ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ အကောင်အထည်ဖော်ရေး ဆပ်ကော်မတီမှအဖွဲ့ဝင်များ တက်ရောက်လျက်ရှိပြီး အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ အကောင် အထည်ဖော်ဆောင်ရေး ကိစ္စရပ်များအား  ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်းသိရှိရပါသည်။