အထူးကုန်စည်မှာဥပဒေသစ်၊ အခွန်အသစ် ဟုတ်မဟုတ်သိလိုပါကြောင်း၊ အထူးကုန် စည်ခွန် ကောက်ခံရာတွင် သတင်းပေးပို့ပြီး၊ ဆုပေးဒဏ်ပေး မည်သို့ရှိပါကြောင်း သိရှိ လို၍ မေးမြန်းခြင်း။

Answer

အထူးကုန်စည်ခွန်ဥပဒေမှာ ပြည်ထောင်စုလွှတ်တော်၏ ဥပဒေအမှတ် (၁၁) ဖြင့် ၁၈-၁-၂၀၁၆ တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေအသစ်ဖြစ်ပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်မှ စတင်အကျိုးသက်ရောက်ပါသည်။ အထူးကုန်စည်များအပေါ်တွင် ယခင်က ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကောက်ခံခဲ့ပြီး ၁-၄-၂၀၁၆ နေ့မှစ၍အထူးကုန်စည်ခွန်အဖြစ် သတ်မှတ်ပြဋ္ဌာန်း ကောက်ခံခဲ့ခြင်းဖြစ်ပါသည်။ အထူးကုန်စည်ခွန်ဥပဒေအရ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂ မှ ၂၈ အထိ ပြစ်မှု ပြစ်ဒဏ်များကိုကျခံရမည်ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၄၀ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပုဒ်မ ၂၂ (ဂ) အရ တပ်ရိုက်သည့် ဒဏ်ငွေမှ အထူးကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကို သတင်းပေးတင်ပြသူကိုလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို ရှာဖွေဖမ်းဆီးသည့်အဖွဲ့အားလည်းကောင်း ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးမည်ဖြစ်ပါသည်။

Question

အထူးကုန်စည်မှာဥပဒေသစ်၊ အခွန်အသစ် ဟုတ်မဟုတ်သိလိုပါကြောင်း၊ အထူးကုန်စည်ခွန် ကောက်ခံရာတွင် သတင်းပေးပို့ပြီး၊ ဆုပေးဒဏ်ပေး မည်သို့ရှိပါကြောင်း သိရှိလို၍ မေးမြန်းခြင်း။