ပြည်တွင်းရှိကျောက်မျက်တူးဖော်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုက ကုမ္ပဏီမှ တူးဖော်ရရှိသည့် ကျောက်စိမ်းအရိုင်းထည်များကို ရောင်းချရာတွင်အထူးကုန်စည် နှုန်းထား မည်သို့သတ်မှတ်ကောက်ခံပါကြောင်းနှင့် မည်ကဲ့သို့ဆောင်ရွက်ထားရပါ ကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။
Answer
ကျောက်မျက်တူးဖော်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီသည် အထူးကုန်စည်ဖြစ်သည့် ကျောက်စိမ်းအရိုင်း ထုတ်လုပ်ရောင်းချခြင်းအတွက် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅(က) အထူးကုန်စည်ခွန် မှတ်ပုံတင်ခြင်းအား သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံတွင် မှတ်ပုံတင်ရမည် ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၁ (က) အမှတ်စဉ် (၁၂) အရ ကျောက် စိမ်း၊ ပတ္တမြား ၊ နီလာ ၊ မြ ၊ စိန်နှင့် အခြား အဖိုးတန်ကျောက်မျက်ရတနာ အရိုင်းထည်များ ရောင်းရငွေအပေါ်တွင်အထူးကုန်စည်ခွန် ၂၀ % ကျသင့်မည်ဖြစ်ပါသည်။ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် အထူးကုန်စည် ကျောက်စိမ်းအရိုင်းများ ရောင်းချရငွေအပေါ် အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ ( က ) (၂) အရ ရောင်းချသည့်လ၏ လကုန်ဆုံးပြီး (၁၀) ရက်အတွင်း အထူးကုန်စည်ခွန်ကို ပေး ဆောင်ရမည် ဖြစ်ပါသည်။ ၄င်းပြင် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးထံ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆(က)အရ ရောင်းချသည့်လအတွက် အထူးကုန်စည်ထုတ် လုပ်ရောင်းချခြင်းကြေညာလွှာကို လစဉ်ပေးပို့ခြင်းတို့ကို ဆောင်ရွက်ထားရပါမည်။
Question
ပြည်တွင်းရှိကျောက်မျက်တူးဖော်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုက ကုမ္ပဏီမှ တူးဖော်ရရှိသည့် ကျောက်စိမ်းအရိုင်းထည်များကို ရောင်းချရာတွင်အထူးကုန်စည်နှုန်းထား မည်သို့သတ်မှတ်ကောက်ခံပါကြောင်းနှင့် မည်ကဲ့သို့ဆောင်ရွက်ထားရပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။