မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အားကစားနှင့် ကာယပညာဦးစီးဌာနပိုင်မြေနေရာအား ဆက်သွယ် ရေးတာဝါတိုင်ထောင်ရန်အတွက် ၅ နှစ် ငှားရမ်းချုပ်ဆိုမည်ဖြစ်ရာတံဆိပ်ခေါင်းခွန် ထမ်းဆောင်ရခြင်း ရှိ / မရှိ သိရှိလို၍ မေးမြန်းခြင်း။

Answer

အား/ကာဦးစီးဌာနပိုင်မြေနေရာအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး တာဝါတိုင် ဆောက်ရန် ၅ နှစ် ငှားရမ်းချုပ်ဆိုခြင်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေ ပုဒ်မ ၂၉(ဂ) အရ ငှားရမ်းမည့်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင် ရမည်ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၃ ( ဂ ) ခြွင်းချက် ( ၁ ) အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကဖြစ်စေ ၊ အစိုးရအတွက်ဖြစ်စေ၊ အစိုးရ၏အကျိုး အလို့ငှာဖြစ်စေ ချုပ်ဆိုသောစာချုပ် နှင့်စပ်လျဉ်း၍ အစိုးရက တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် တာဝန် ရှိသော စာချုပ်စာတမ်း တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန် ထိုက်သင့်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားပါသဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရခြင်း မရှိပါ။

Question