စီးကရက်၊ အရက်၊ ဘီယာ၊ ဝိုင် ထုတ်လုပ်ရန် ပြည်ပမှကုန်ကြမ်းတင်သွင်း၍ ကုန်ချောထုတ် လုပ်ရောင်းချသည့်ကုမ္ပဏီအနေဖြင့် အခွန်စည်းကြပ်ခံယူနိုင်ရန် မည်သို့ဆောင်ရွက်ရမည်နည်း။ အခွန်ခုနှိမ်ခွင့်ရှိပါသလား။

Answer

စီးကရက်၊ အရက်၊ ဘီယာ၊ ဝိုင် ထုတ်လုပ်ရောင်းချခြင်းအတွက် အထူးကုန်စည်ခွန် ဥပဒေ ပုဒ်မ ၁၅(က) အရ ထုတ်လုပ်သူသည် သတ်မှတ်ချက်နှင့်အညီ ဝင်ငွေခွန်စည်းကြပ်ခံယူမည့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ထုတ်လုပ်မှုလုပ်ငန်းမစတင်မီ ၃ လကြိုတင်၍ လုပ်ငန်းမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁(က) အရလည်း လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရမည်။ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၆(က) အရ အထူးကုန်စည်ထုတ်လုပ်ရောင်းချသည့်လ၏ လကုန်ဆုံးပြီး (၁၀) ရက်အတွင်းကျသင့် အခွန်ကိုပေးဆောင်ရမည့်အပြင် ယင်းလအတွက် ကြေညာလွှာကို ပေးပို့ရမည်ဖြစ်ပြီး အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၇ အရ အခွန်စည်းကြပ် ခံယူရမည်ဖြစ်ပါသည်။ ထို့အတူ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂(က) အရ သုံးလတစ်ကြိမ် ကြေညာလွှာတင်သွင်းခြင်း၊ လစဉ် (၁၀) ရက်အတွင်း ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို ပေးဆောင် ရခြင်းနှင့် ၃ လတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပေးသွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ အထူးကုန်စည်ခွန် ဥပဒေပုဒ်မ (၁၁) အရ အခွန်ခုနှိမ်ရာတွင် ထုတ်လုပ်သည့် အထူးကုန်စည် ရောင်းချမှုအပေါ် ကျသင့်သည့်အထူးကုန်စည်မှ ယင်းအထူးကုန်စည် ထုတ်လုပ်မှုလုပ်ငန်း အလို့ငှာ ပြည်တွင်းသို့ ကိုယ်တိုင်ဝယ်ယူတင်သွင်း သော  အထူးကုန်စည်များ၏ ကုန်းပေါ်ရောက် တန်ဖိုးအပေါ် ပေးဆောင်ခဲ့ရသည့်အထူးကုန်စည်ခွန်၊ ပြည်တွင်း၌ အထူးကုန်စည်ထုတ်လုပ်သူထံမှ ဝယ်ယူသောအထူးကုန်စည်များအတွက် ပေးဆောင်ခဲ့ရသော အထူး ကုန်စည်ခွန်တို့ကိုသာ ခုနှိမ်ခွင့်ရမည်ဖြစ်သည်။ အလားတူပြည်ပမှတင်သွင်းစဉ် ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်အတွက်လည်းကောင်း၊ ပြည်တွင်းမှကုန်စည်ထုတ်လုပ်ရန် ဝယ်ယူခဲ့သောကုန်ကြမ်းများအပေါ် ပေးဆောင်ခဲ့ရသောကုန်သွယ်လုပ်ငန်းခွန်အတွက်လည်းကောင်း  ထုတ်လုပ်ရောင်းချစဉ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်၌ ခုနှိမ်ခွင့်ရမည်ဖြစ်သည်။

Question

စီးကရက်၊ အရက်၊ ဘီယာ၊ ဝိုင် ထုတ်လုပ်ရန်  ပြည်ပမှကုန်ကြမ်းတင်သွင်း၍ ကုန်ချောထုတ် လုပ်ရောင်းချသည့်ကုမ္ပဏီအနေဖြင့် အခွန်စည်းကြပ်ခံယူနိုင်ရန် မည်သို့ဆောင်ရွက်ရမည်နည်း။ အခွန်ခုနှိမ်ခွင့်ရှိပါသလား။