Grant အကူအညီဖြင့် ဆောင်ရွက်မည့် အမရပူရမြို့နယ် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အတိုင် ပင်ခံကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်း လာခြင်း

Answer

Grant အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အတိုင်ပင်ခံ ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်မရှိပါ၊ WHT ကို ၄၁/ ၂၀၁၀ ပါအတိုင်း ဖြတ်တောက်ပေးသွင်းရမည်ဖြစ်ပါသည်။ Grant အထောက် အပံ့ရငွေဖြင့်ရယူသည့် ဝန်ဆောင်မှုသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်မည်ဖြစ်ပါသည်။ အတိုင်ပင်ခံ ကုမ္ပဏီသည် ပြည်တွင်း၌ဖွဲ့စည်းသောကုမ္ပဏီ မဟုတ်ပါက Non Resident Foreigner ဖြစ်သည်။

Question

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သည် (Agency Francaise de' Development, AFD) မှ Grant အကူအညီဖြင့် ဆောင်ရွက်မည့် အမရပူရမြို့နယ် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အတိုင် ပင်ခံကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်း လာခြင်း။