DTA စာချုပ်ပါအတိုင်း ခံစားခွင့်ရရှိရန် မည်သို့ဆောင်ရွက်ရမည်ကို သိရှိလို ပါသည်။
Answer
DTA စာချုပ်ဝင် နိုင်ငံတစ်ခုခုမှ အခွန်ထမ်းဖြစ်ပါက အောက်ပါအချက်များကို တင်ပြရ မည်ဖြစ်ပါသည် -
(က) လျှောက်ထားလိုသူပုဂ္ဂိုလ် (သို့) ကုမ္ပဏီက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းနှင့်ပတ်သက် သော ရှင်းလင်းဖော်ပြချက်နှင့် လျှောက်ထားလိုသူက မည်သည့် DTA Article အရ DTA အခွင့်အရေးခံစားလိုပါကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ၊
(ခ) ကိုယ်စားလှယ်ဖြစ်ပါက လျှောက်ထားခွင့်ရှိသူ၏ တရားဝင် ကိုယ်စားလှယ်လွှဲစာ၊
(ဂ) ချုပ်ဆိုထားသည့်စာချုပ်၊
(ဃ) လျှောက်ထားလိုသည့် ပုဂ္ဂိုလ် (သို့) ကုမ္ပဏီသည်မည်သည့်နိုင်ငံ၏ အခွန်ထမ်းဖြစ် ကြောင်း သက်ဆိုင်ရာနိုင်ငံအခွန်ဌာန၏ထောက်ခံချက်
(င) ကုမ္ပဏီ၏ မှတ်ပုံတင်မိတ္တူ။
အခွန်ထမ်းသည် အထက်ပါအထောက်အထားများနှင့်အတူ သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံး သို့ တင်ပြလျှောက်ထားရမည်။ သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးများ၏ စိစစ်တင်ပြချက် နှင့်အတူ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲသို့ ဆက်လက်တင်ပြ ဆောင်ရွက်ရမည်ဖြစ်ပါ သည်။
Question
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ အပိုဒ် (၄) အရ DTA ချုပ်ဆိုထားသောနိုင်ငံတစ်ခု၏ ပြည်တွင်းနေ (Resident) ဖြစ်ကြောင်းဆိုင်ရာနိုင်ငံ အခွန်ဌာန၏ သက်သေခံလက်မှတ်တင်ပြလာလျှင် ထိုသူသို့ထုတ်ပေးရန်ရှိသောငွေအနက်မှ ဝင်ငွေခွန်အတွက် နုတ်ယူပေးသွင်းရမည့်ငွေကို သက်ဆိုင်ရာနိုင်ငံနှင့် ချုပ်ဆိုထားသော သဘောတူစာချုပ်ပါ သတ်မှတ်ရာခိုင်နှုန်းအတိုင်း နုတ်ယူပေးသွင်းရမည်ဟု ဆိုထားပါ သည်။ ထိုသို့ DTA စာချုပ်ပါအတိုင်း ခံစားခွင့်ရရှိရန် မည်သို့ဆောင်ရွက်ရမည်ကို သိရှိလို ပါသည်။