နိုင်ငံတော်မှကြီးမှူးကျင်းပသည့် ကျောက်မျက်ရတနာပြပွဲများတွင် ရောင်းချရာ၌ရောင်းချခြင်း အပေါ်တွင် အခွန်များအသီးသီးစည်းကြပ်ခံပြီးဖြစ်သဖြင့် အဆိုပါရတနာဆိုင် လိုင်စင်ရယူ ထားသူများမှာ ရတနာဆိုင်လိုင်စင် သက်တမ်းတိုးရန်အတွက် သက်ဆိုင်ရာမြို့နယ် အခွန်ရုံး များသို
Answer
ကျောက်မျက်ရတနာပြပွဲများတွင်ရောင်းချရာ၌ သက်ဆိုင်ရာအခွန်ကို အသီးသီးပေး သွင်းပြီး သော်လည်း ရတနာဆိုင်လိုင်စင်ရယူထားသဖြင့် လိုင်စင်သက်တမ်းတိုးရာတွင် အခွန်စည်း ကြပ်ရန် ဝင်ငွေပေါ်ပေါက်၍ အခွန်စည်းကြပ်မှုအရတောင်းခံလွှာနှင့် တောင်းခံချိန်တွင် ထပ်မံ ပေးသွင်းရန်လိုအပ်ပါက လိုအပ်သောအခွန်ကိုထပ်မံ ပေးဆောင်ရမည်ဖြစ်ပြီး ပြန်အမ်းငွေ ပေါ်ပေါက်ပါက ပြန်အမ်းငွေကိုတောင်းခံနိုင်ပါသည်။ ကျောက်မျက်ရတနာပြပွဲနှင့် မသက် ဆိုင်သော ပြင်ပတွင်ရောင်းချသည့် ကျောက်မျက်ရတနာများအတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနက စည်းကြပ်တောင်းခံသည့် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် တို့ကို ရောင်းရငွေအလိုက် တည်ဆဲအခွန်ဆိုင်ရာဥပဒေအရ သတ်မှတ် ထားသောနှုန်းထားများ အတိုင်း အခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။
Question
နိုင်ငံတော်မှကြီးမှူးကျင်းပသည့် ကျောက်မျက်ရတနာပြပွဲများတွင် ရောင်းချရာ၌ရောင်းချခြင်း အပေါ်တွင် အခွန်များအသီးသီးစည်းကြပ်ခံပြီးဖြစ်သဖြင့် အဆိုပါရတနာဆိုင် လိုင်စင်ရယူ ထားသူများမှာ ရတနာဆိုင်လိုင်စင် သက်တမ်းတိုးရန်အတွက် သက်ဆိုင်ရာမြို့နယ် အခွန်ရုံး များသို့ သွားရောက်ဆက်သွယ်၍ ထောက်ခံစာရယူရာတွင် အခွန်ထပ်မံပေးဆောင်ရန် လိုအပ် ပါသလား။