ကုမ္ပဏီရှိ တာဝန်ရှိသူတစ်ဦးက ၄င်းတို့ကုမ္ပဏီမှ ပညာရေး၀န်ကြီးဌာနကျောင်းများ၏Computer နှင့် သက်ဆိုင်သည့် ပစ္စည်းများအား လှူဒါန်းမည်ဖြစ်ရာ ယင်းလှူဒါန်းငွေများအပေါ် အခွန် ကင်းလွတ်ခွင့် ရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း။
Answer
ဝင်ငွေခွန်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲငယ်(ခ) (၂) အရ ပြည်တွင်းပြည်ပအလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံတော်အတွင်း လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် လှူဒါန်းခြင်းမှရရှိသည့်ဝင်ငွေအား ၀င်ငွေခွန်ကင်းလွတ်ခွင့်ပေးခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုပေးနိုင်ပါသဖြင့် ကင်းလွတ်ခွင့်ရရှိနိုင်ရန် လျှောက်ထားတင်ပြနိုင်ပါသည်။ ခွင့်ပြုပေးပါက ယင်းကိစ္စများနှင့်သက်ဆိုင်၍ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆-ကတွင် ဖော်ပြထားသည့်အတိုင်း “ပုဒ်မ ၆ ၊ ပုဒ်မခွဲ(ဂ) အရ တွက်ချက်ပြီးစည်းကြပ်ရာတွင် နိုင်ငံတော်အဖွဲ့အစည်းအဆင့်ဆင့်ကကမကထပြုသော (သို့) ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ အသိအမှတ်ပြုသောဘာသာရေး (သို့) ကုသိုလ်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ၊ ယင်းကိစ္စများနှင့်သက်ဆိုင်သည့် ရန်ပုံငွေတစ်ရပ်ရပ်သို့ဖြစ်စေလှူဒါန်းထည့်ဝင်ငွေကိုလည်းနုတ်ပယ်ပေးမည်ဖြစ်ပြီး ယင်းလှူဒါန်းထည့်ဝင်ငွေသည် အခွန်ထမ်း၏ စုစုပေါင်းဝင်ငွေ၏ နှစ်ဆယ့်ငါးရာခိုင်နှုန်းနှင့်ညီမျှသောငွေထက်မပိုစေရ ”ဟု ပြဋ္ဌာန်းထားရှိပါသည်။
Question
ကုမ္ပဏီရှိတာဝန်ရှိသူတစ်ဦးက ၄င်းတို့ကုမ္ပဏီမှ ပညာရေး၀န်ကြီးဌာနကျောင်းများ၏Computerနှင့်သက်ဆိုင်သည့် ပစ္စည်းများအား လှူဒါန်းမည်ဖြစ်ရာ ယင်းလှူဒါန်းငွေများအပေါ် အခွန်ကင်းလွတ်ခွင့် ရှိ/ မရှိ သိရှိလို၍မေးမြန်းခြင်း။