စင်္ကာပူလူမျိုးတစ်ဦးက ပြည်တွင်း၌ မြန်မာနိုင်ငံသား အစုရှယ်ယာ ၁၅ % နှင့် နိုင်ငံခြားသား အစုရှယ်ယာ ၈၅ % တို့ဖြင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မည်ဖြစ်ရာ မြန်မာနိုင်ငံသား၏ ရှယ်ယာ ထည့်ဝင်ခြင်းကို ပြည်ပ၌အလုပ်လုပ်ကိုင်ပြီး ရရှိလစာအပေါ် အခွန်ပေးဆောင်ပြီး သည့် ဝင်ငွေဖြင

Answer

ပြည်တွင်း၌ဖက်စပ်ကုမ္ပဏီတည်ထောင်ရာတွင် မြန်မာနိုင်ငံသားအစုရှယ်ယာ ၁၅ % ထည့်ဝင်ခြင်းအတွက် ပြည်ပ၌အလုပ်လုပ်ကိုင်ပြီး ရရှိလစာဝင်ငွေအပေါ် အခွန်ပေးဆောင်ပြီးသည့်ဝင်ငွေဖြင့်တင်ပြခြင်းအပေါ် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ စိစစ်ခွင့်ပြုပေးမည်ဖြစ်ပြီး ဝင်ငွေရလမ်းတင်ပြနိုင်သောဝင်ငွေအပေါ် ဝင်ငွေခွန်ကျသင့်ခြင်းမရှိပါ။ တင်ပြနိုင်ခြင်းမရှိပါက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ ၁၅ % မှ ၃၀ % အထိ ဝင်ငွေအလွှာနှုန်းထားများအတိုင်း ဝင်ငွေခွန်ကျသင့်မည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ခွင့်ပြုထားသည့် နိုင်ငံခြားသားအစုရှယ်ယာ ၈၅ % ထည့်ဝင်ရင်းနှီးခြင်းဖြစ်ပါက အခွန်ပေးဆောင်ရခြင်းမရှိပါ။ ကုမ္ပဏီတွင် ထည့်ဝင်ရင်းနှီးငွေ မလုံလောက်သဖြင့် ပြည်ပကုမ္ပဏီမှချေးယူငွေဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း ပြုလုပ်နိုင်ပါသည်။ ပြည်ပကုမ္ပဏီသို့ချေးယူငွေအပေါ် အတိုးငွေပေးချေသည့်အခါ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၄၁/၂၀၁၀ အရ ပင်ရင်းမှနုတ်ယူပေးသွင်းခွန် ၁၅ % ကို နုတ်ယူပေးသွင်း၍ ငွေပေးချေရန်ဖြစ်ပါသည်။

Question

စင်္ကာပူလူမျိုးတစ်ဦးက ပြည်တွင်း၌ မြန်မာနိုင်ငံသားအစုရှယ်ယာ ၁၅ % နှင့် နိုင်ငံခြားသားအစုရှယ်ယာ ၈၅ % တို့ဖြင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မည်ဖြစ်ရာ မြန်မာနိုင်ငံသား၏ရှယ်ယာထည့်ဝင်ခြင်းကို ပြည်ပ၌အလုပ်လုပ်ကိုင်ပြီးရရှိလစာအပေါ် အခွန်ပေးဆောင်ပြီးသည့် ဝင်ငွေဖြင့်တင်ပြ၍ ရ/မရ နှင့် နိုင်ငံခြားသားအစုရှယ်ယာထည့်ဝင်ခြင်းအပေါ် အခွန် ပေးဆောင်ရခြင်း ရှိ/ မရှိ နှင့် ကုမ္ပဏီ၌ထည့်ဝင်ရင်းနှီးငွေမလုံ လောက်သဖြင့် ရင်းနှီးငွေထပ်မတိုးဘဲ ပြည်ပကုမ္ပဏီထံမှချေးယူငွေဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်၍ ရ/မရ သိလိုသဖြင့် မေးမြန်းခြင်း။